သင့် MacOS စက်ကို ကာကွယ်ပါ

နောက်ဆုံးပြင်ဆင်ထားသော30 April 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    အကယ်၍ သင်သည် Mac ကွန်ပျူတာကို အသုံးပြုပါက Mac သည် ပိုမိုလုံခြုံသည်ဟူသော ဒဏ္ဍာရီကို ကြားဖူးပေမည်။ ဤအရာသည် အမှန်မဟုတ်ပါ။ လုံခြုံရေးသည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အသုံးပြုပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အားနည်းချက်များကို အချိန်မရွေးတွေ့ရှိနိုင်ပါသည်။ သင့် Mac ကို ပိုမိုလုံခြုံစေရန်အတွက် အောက်ပါအဆင့်များကို ပြီးမြောက်အောင်လုပ်ပါ။ သင့်စက်အတွင်းရှိအရာများပြောင်းလဲခြင်းမရှိစေရန် ဤဆက်တင်များကို အခါအားလျော်စွာစစ်ဆေးသည့်အလေ့အကျင့်ကိုရယူပါ။

    ပုံပြ လမ်းညွှန်

    အောက်ဖော်ပြပါ စစ်ဆေးရမည့် စာရင်းများကို သင်ကြည့်ရှုစဉ် ဤ ပုံပြလမ်းညွှန်ချက်ကို အသုံးပြုပါ။

    သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်သည့်ကုဒ်တွင် အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များအနေဖြင့် မည်သည့်နေရာတွင် တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။

    သို့သော် software developer များက ၎င်းအားနည်းချက်များကို ပြုပြင်ပေးမည့် code များကို ပုံမှန်ထုတ်လေ့ရှိပါသည်။ ထို့ကြောင့် update များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်တစ်ခုစီအတွက် လည်ပတ်မှုစနစ်၏ နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ သင့်စက်ပစ္စည်းကို အလိုအလျောက် update လုပ်ဖို့ သတ်မှတ်ပေးခြင်းဖြင့် သင့်တွင်သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခုလျော့သွားမည်ဖြစ်သည်။

    Use apps from trusted sources

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Apple၊ Google၊ Microsoft နှင့် Amazon တို့သည် တရားဝင် App store များရှိသည်။ တစ်နေရာတည်းတွင် App များထားရှိခြင်းသည် သင်အလိုရှိသည့်အရာများကို ရှာဖွေထည့်သွင်းရန် လွယ်ကူစေသည့်အပြင် ကြီးမားသောလုံခြုံရေးချိုးဖောက်မှုများအတွက် App များကို စောင့်ကြည့်ရန် ၎င်းတို့၏ကုမ္ပဏီများအတွက်လည်း ပိုမိုလွယ်ကူစေသည်။

    အက်ပ် store များမှ သို့မဟုတ် ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုက်များမှ အက်ပ်များကိုသာ ထည့်သွင်းပါ။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသူများကို သင်မသိဘဲ ယုံကြည်ခြင်းမရှိပါက "တူညီစွာ ကူးယူထားသည့်" ဒေါင်းလုဒ်ချသည့် ဝဘ်ဆိုက်များသည် ယုံကြည်၍ မရနိုင်ပါ။ အက်ပ်တစ်ခု၏ အကျိုးရရှိမှုသည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက ကိုယ်ရေးကိုယ်တာနှင့် အရေးကြီးအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့် ထပ်ဆောင်းအဆင့်များ ကို လုပ်ဆောင်ပါ။

    အဘယ်ကြောင့် Security in a Box က အကြံပြုထားသည့် အက်ပ်များကို ယုံကြည်ရသလဲ ဆိုသည်ကို လေ့လာပါ

    သင်အသုံးမပြုသည့်မလိုအပ်သော App များကို ဖယ်ရှားပါ။

    • App များကိုဖျက်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ (https://support.apple.com/HT202235)
    • မှတ်ချက်- Safari သို့မဟုတ် iTunes ကဲ့သို့ သင့် Mac တွင် ကြိုတင်ထည့်သွင်းထားသည့် ပုံသေApp များကို ဖြုတ်ရန်ခက်ခဲပြီး အန္တရာယ်များပါသည်။ သို့သော်လည်း ထိုသို့လုပ်နိုင်ပါသည်။ဤဆောင်းပါးကိုကြည့်ပါ and this article
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်များနှင့် App များကို လုပ်ဆောင်သည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ အန္တရာယ်ရှိသော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသောအက်ပ်များကို ဖယ်ရှားခြင်းသည် အားနည်းချက်ဖြစ်နိုင်ခြေရှိသည့် အက်ပ်အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့် သင့်အကြောင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ အက်ပ်များကို သင်မဖယ်ရှားနိုင်ပါက ၎င်းတို့ကို အနည်းဆုံး သင် ပိတ်နိုင်မည်ဖြစ်သည်။

    Check your app permissions

    • ခွင့်ပြုချက်အားလုံးကို တစ်ခုပြီးတစ်ခု စစ်ဆေးပါ။ အန္တရာယ်ရှိသော App များသည် အောက်ပါခွင့်ပြုချက်များဖြစ်သည့် တည်နေရာ၊ ဓာတ်ပုံများ၊ အဆက်အသွယ်များ၊ ပြက္ခဒိန်၊ မိုက်ခရိုဖုန်း၊ ကင်မရာ၊ အသုံးပြုမှုမှတ်တမ်းများကို အမြဲပုံမှန်အသုံးပြုတတ်ကြသည့်အတွက် ၎င်းခွင့်ပြုချက်များသည် အထူးသံသယဖြစ်ဖွယ်ရှိပါသည်။
    • ဤနေရာတွင်"Control the personal information you share with apps" ပါအကြောင်းအရာများကို ပြန်လည်သုံးသပ်ပါ
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ပစ္စည်းဆက်တင်များကဲ့သို့ အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုသည့် App များသည်လည်း အဆိုပါအချက်အလက်များကို ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများထံတွင် အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုခုကိုအသုံးပြုရန် App တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

    တည်နေရာကိုပိတ်ပြီးမှတ်တမ်းကိုဖျက်ပါ

    • သင့်စက်တစ်ခုလုံးနှင့် အက်ပ်တစ်ခုချင်းအတွက်ပါ ၎င်းတို့ကို အသုံးမပြုသည့်အခါတွင် တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်သည့်အလေ့အကျင့်ကို ရယူပါ။
    • သင့်တည်နေရာကို ဖွင့်ထားပါက တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။
    • သီးသန့်Appများအတွက် တည်နေရာဝန်ဆောင်မှုများကို ပိတ်ပါ။(https://support.apple.com/guide/mac-help/mh35873/11.0/mac/11.0)
    • ေမြပုံပါရှိသော app ကိုအသုံးပြုပါက (https://support.apple.com/guide/maps/mpsf81b66a62/mac)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ GPS၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် wifi အသုံးပြုနေသည့်နေရာကို အမြဲမပြတ်ခြေရာခံသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် လုပ်ဆောင်သည်။ သို့မဟုတ် သီးခြားနေရာများသို့ သွားရောက်ခဲ့ကြောင်း သို့မဟုတ် သီးခြားလူများနှင့် ဆက်စပ်နေကြောင်းပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

    Make separate user accounts on your devices

    • သင့်စက်တွင်အကောင့်တစ်ခုထက်ပို၍ပြုလုပ်ထားပါ။ တစ်ခုသည် စီမံခန့်ခွဲမှုလုပ်သည့်အကောင့်နှင့် နောက်တစ်ခုသည် ပုံမှန်အသုံးပြုသူအကောင့်ဟူ၍ထားပါ။
      • သင်တစ်ဦးတည်းသာစီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည်ဖြစ်သည်။
      • ပုံမှန်အကောင့်များကို သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
    • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အကောင့်တစ်ခုကို အသုံးပြုရန် စဉ်းစားပါ
      • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်မှသာ စီမံခန့်ခွဲသူအကောင့်ကို အသုံးပြုပါ။
      • ပုံမှန်အကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့နေရခြင်းကို တားဆီးနိုင်သည်။
      • နယ်စပ်ဖြတ်ကျော်သည့်အခါ "ခရီးသွားလျှင်အသုံးပြုသည့်" အကောင့်ဖွင့်ထားခြင်းဖြင့် သင်၏ပိုမိုထိခိုက်လွယ်သောဖိုင်များကို ဝှက်ထားနိုင်မည်ဖြစ်သည်။ ဤနယ်ခြားအာဏာပိုင်များသည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ရှာဖွေရန် သိမ်းယူမည်လား သို့မဟုတ် ၎င်းတို့က ၎င်းကိုဖွင့်ပြီး အမြန်ပြန်လည်သုံးသပ်ပြီး ပြန်ပေးမည်လား ဆိုသည်ကို သင်ကိုယ်တိုင်အကဲခတ်ပြီး အသုံးပြုပါ။ စစ်ဆေးသူတို့သည် သင့်စက်ပစ္စည်းအတွင်းသို့ နက်ရှိုင်းစွာကြည့်ရှုမည်မဟုတ်ဟု မျှော်လင့်ပါက၊ အထိခိုက်မခံသောအလုပ်အတွက် ပုံမှန်အကောင့်ကိုအသုံးပြုခြင်းသည် သင့်အနေဖြင့် ငြင်းဆိုနိုင်မှုအချို့ကို ပေးဆောင်နိုင်သည်။
    • အကောင့်အသစ်များကိုထည့်သွင်းနည်းကိုကြည့်ပါ (https://support.apple.com/guide/mac-help/mtusr001/11.0/mac/11.0)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ထိလွယ်ရှလွယ် အလုပ်အတွက် သင်အသုံးပြုသည့် စက်များကို အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုပါသည်။ သို့သော် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိသားစုနှင့် မျှဝေရမည်ဆိုပါက အရေးကြီးသောဖိုင်များကို အခြားသူများထံမှ ကာကွယ်ထားနိုင်ရန် သင့်စက်ပစ္စည်းပေါ်တွင် သီးခြားအကောင့်များကို ထည့်သွင်းခြင်းဖြင့် အရေးကြီးသောအချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။

    Secure the accounts connected with your device

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းအများစုတွင် Android ဖုန်းရှိ Google အကောင့်များ၊ Chrome Laptop နှင့် Google TV၊ သို့မဟုတ် iPad၊ Apple watch ၊ Mac laptop နှင့် Apple TV အတွက် Apple အကောင့်များကဲ့သို့ ၎င်းတို့နှင့် ဆက်စပ်နေသော အကောင့်များရှိသည်။ တစ်ကြိမ်တွင် စက်တစ်ခုထက်ပို၍ အကောင့်ဝင်နိုင်သည် (ဖုန်း၊ လက်ပ်တော့၊ နှင့်TV )။ အကယ်၍ သင့်အကောင့်ကို ဝင်ရောက်ခွင့်မရှိသင့်သည့် အခြားသူတစ်ဦးမှ ဝင်ရောက်သုံးစွဲခွင့်ရှိနေလျှင် ဤနေရာသည် သင်မြင်နိုင်ပြီး ၎င်းကို ရပ်တန့်နိုင်သည့် နေရာတစ်ခုဖြစ်သည်။

    Remove unneeded device accounts

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက ၎င်းထပ်ထိုး "တံခါး" ကို သင့်စက်ပေါ်တွင် မဖွင့်ထားလျှင် ပိုကောင်းသည်။(၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်) ထို့အပြင် မည်သည့်အကောင့်များထည့်သွင်းထားသည်ကို စစ်ဆေးခြင်းသည် သင့်စက်တွင် သင်မသိဘဲတင်ထားသောအကောင့်များကို ထုတ်ဖော်နိုင်သည်။

    သင့်မျက်နှာပြင်ကို ပိတ်ပြီး လော့ခ်ချရန် သတ်မှတ်ပါ။

    • သင့်အနေဖြင့် ၎င်းအားအသုံးမပြုတော့သည့် အချိန်တိုအတွင်း လော့ခ်ချရန် သင့်စခရင်ကို သတ်မှတ်ပါ (၅ မိနစ်ထားခြင်းသည်ကောင်းပါသည်)
    • စကားဝှက်တို သို့မဟုတ် ပင်နံပါတ်အတိုမဟုတ်ဘဲ ရှည်လျားသော စကားစု (စာလုံး 16 လုံးထက် ပိုရှည်သည်) ကို အသုံးပြုပါ။
    • သင့်လက်ဗွေ၊ မျက်နှာ၊ မျက်လုံး သို့မဟုတ် အသံကို လော့ခ်ဖွင့်သည့်စနစ်ပြုလုပ်ထားခြင်းသည် သင့်အား အင်အားသုံး၍ ဖွင့်ခိုင်းနိုင်သည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့် မသန်စွမ်းခြင်းမရှိပါက ဤရွေးချယ်စရာများကို မသုံးပါနှင့်။
      • သင့်အနေဖြင့် သင့်လက်ဗွေနှင့် မျက်နှာကိုထည့်သွင်းထားပြီးဖြစ်ပါက ၎င်းတို့ကို သင့်စက်ပစ္စည်းမှ ဖယ်ရှားပါ။
    • ဖုန်းမျက်နှာပြင်ပိတ်ခြင်း သို့မဟုတ် စခရင်ချွေတာခြင်းစတင်ပြီးနောက် ၎င်းအားစကားဝှက်တစ်ခုဖြင့်ဖွင့်မှရသည့်လုပ်ဆောင်ချက်နှင့် အလိုအလျောက်ဝင်ရောက်ခြင်းကိုပိတ်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ။(https://support.apple.com/en-gb/guide/mac-help/mchlp2270/mac)
      • ( ၎င်းကို အရင်ကတည်းက လုပ်ဆောင်ပြီးပါက၊ သင်သည် အောက်ခြေရှိ လော့ခ်ကို နှိပ်ပြီး သင်၏ ဆက်တင်များကို ပြောင်းလဲရန် သင့်စက်ကိုဖွင့်သည့်စကားဝှက်ကို ထည့်သွင်းဖို့ လိုအပ်လိမ့်မည်။)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ဤအကြောင်းအရာကြောင့်၊ စကားဝှက်စခရင်လော့ခ်ကို ပြုလုပ်ထားခြင်းသည် အဆင်ပြေပြီး ၎င်းကိုဖွင့်လိုက်ရုံဖြင့် သင့်စက်ကို မည်သူမျှ ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပေ။

    စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ သို့မဟုတ် ပင်နံပါတ်များကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ မျက်နှာပြင်ပေါ်ရှိ လက်ဗွေရာများကို ကြည့်ခြင်းဖြင့် "pattern" သော့ခတ်မှုများကို ခန့်မှန်းနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။

    ဤအကြောင်းများကြောင့်၊ ချမှတ်ရန်အလုံခြုံဆုံးသောသော့သည် ရှည်လျားသော စကားဝှက်တစ်ခုဖြစ်သည်။

    Control what can be seen when your device is locked

    သင့်စက်လော့ချထားသောအခါတွင် အကြောင်းကြားချက်များ ပေါ်လာခြင်းကို ရပ်တန့်ပါ။ ထိုသို့ပြုလုပ်ရန် နည်းလမ်းနှစ်ခုရှိသည်။

    • "Pause notifications" အတွက် Do Not Disturb လုပ်ဆောင်ချက်ကိုအသုံးပြုရန်အတွက် အောက်ပါလမ်းညှှန်ချက်များကို လိုက်နာပါ.](https://support.apple.com/en-gb/guide/mac-help/mh40609/11.0/mac/11.0) "When the display is sleeping," "When the screen is locked," နှင့် "When mirroring to TV and projectors" တို့ကိုရွေးချယ်ထားကေြာင်းသေချာပါစေ။
      • သင့်စက်ပစ္စည်းသည် ဟောင်းနေပြီး 'မနှောင့်ယှက်ရ' လုပ်ဆောင်ချက်မရှိပါက၊ စာရင်းရှိ App တိုင်းအတွက် "Stop Notifications" လုပ်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ။](https://support.apple.com/en-gb/guide/mac- help/mh40609/11.0/mac/11.0) အပလီကေးရှင်းတိုင်းအတွက် "သော့ခတ်ထားသောမျက်နှာပြင်ပေါ်တွင် အကြောင်းကြားချက်များကိုပြသရန်" ဆိုသည့်လုပ်ဆောင်ချက်ကိုပိတ်ထားကြောင်းသေချာပါစေ။ ယင်းအစား သင့်အနေဖြင့် အကြောင်းကြားချက်များကို လုံးဝပိတ်ထားလိုခြင်းရှိ မရှိ သင်စဉ်းစားလိုပေလိမ့်မည်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ခိုင်မာသော မျက်နှာပြင်လော့ခ်သည် သင့်စက်ပစ္စည်းအား ခိုးယူခံရပါက သို့မဟုတ် သိမ်းဆည်းခံရပါက အကာအကွယ်အချို့ကို ပေးလိမ့်မည်။ သို့သော် သင့်လော့ခ်မျက်နှာပြင်တွင် ပေါ်လာသည့် အကြောင်းကြားချက်များကို မပိတ်ပါက၊ သင့်အဆက်အသွယ်များက စာတိုများပေးပို့သည့်အခါနှင့် အီးမေးလ်အသစ်များသင်လက်ခံသည့်အခါတွင် အချက်အလက်များပေါက်ကြားနိုင်ပြီး သင့်စက်ပစ္စည်းရရှိနေသည့် မည်သူမဆို မြင်တွေ့နိုင်မည်ဖြစ်သည်

    Disable voice controls

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းတစ်ခုအား တပ်ဆင်သည့်အခါတွင် ၎င်းအား စကားပြောဖြင့်ထိန်းချုပ်နိုင်သည်။ ဥပမာ၊ Siri၊ Cortana၊ Google Voice၊ Echo၊ သို့မဟုတ် Alexa စနစ်များသည် ၎င်းတို့ကိုဖွင့်ထားချိန်တွင် အဆက်မပြတ်နားထောင်နေပါသည်။ ၎င်းတို့သည် ဖြစ်ပျက်နေသည့်အရာများကိုပင် မှတ်တမ်းတင်နိုင်ပြီး [၎င်းကို Amazon ကဲ့သို့သောကုမ္ပဏီများထံ ပြန်လည်ပေးပို့နိုင်သည်](https://www.theguardian.com/technology/2019/apr/11/amazon-staff-listen-to-customers-alexa-recordings- report-says)အရညျအသှေးထိနျးခြုပျမှုအတှကျ Microsoft နှင့ျ ၎င်းငျးတို့၏ကနျထရိုကျတာမြားသညျ အဆိုပါမှတျတမျးမြားကို သိမျးဆညျးပွီး ပွနျလညျသုံးသပျမှုပွုလုပျကွသညျ။(https://www.theguardian.com/technology/2019/jul/26/apple-contractors-regularly-hear-confidential-details -on-siri-recordings)။ တစ်စုံတစ်ဦးသည် သင့်စက်မှနားထောင်နေသည့် အရာများကို ဖမ်းယူပေးနိုင်သည့်ကုဒ်ကို စက်ထဲသို့ထည့်သွင်းထားနိုင်ပါသည်။

    သင့်တွင် စာရိုက်ရန် သို့မဟုတ် ထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ အသံဖြင့် ထိန်းချုပ်မှုများကို သင်ရှာကြည့်ရန်လိုအပ်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် ညွှန်ကြားချက်များကို အောက်တွင်ကြည့်ရှုပါ။ သို့သော်၊ သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။

    Use a physical privacy filter that prevents others from seeing your screen

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း၊ လူ့အခွင့်အရေးကာကွယ်သူအချို့သည် ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် တစ်စုံတစ်ယောက်သည် ၎င်းတို့၏စခရင်ကို အပေါ်မှချောင်းကြည့်ပြီး သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြုကြည့်ရှုပြီး ၎င်းတို့၏အကောင့်များကို အခိုးခံရကြောင်း လေ့လာသိရှိရသည်မှာ အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ကိုယ်ရေးကိုယ်တာကာကွယ်သည့်မှန်တစ်ခုက ထိုသို့လုပ်ဆောင်နေသူတို့ကို အောင်မြင်နိုင်ခြေနည်းစေသည်။ ၎င်းတို့ကို စက်နှင့်ဆက်စပ်သည့်ပစ္စည်းများရှိသည့်နေရာတိုင်းတွင် ရှာကြည့်နိုင်သည်။

    Use a camera cover

    • ပထမဆုံးအနေဖြင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင် ရှိ၊ မရှိကို ရှာဖွေပါ။ တပ်ဆင်ထားသည့် ကင်မရာအပြင် သင့်စက်တွင်ထည့်သွင်းထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
    • နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို အခွံခွာပါ။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
    • သို့မဟုတ် "webcam cover thin slide" အတွက် သင်နှစ်သက်ရာ စတိုးကို ရှာပါ။ အချို့အဖုံးများသည် ထူလွန်းသဖြင့် သင့်လက်ပ်တော့ မပိတ်နိုင်သောကြောင့် "ပါးလွှာ"သည့်အဖုံးကိုရှာဖွေရန် အရေးကြီးပါသည်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ သို့မဟုတ် သင်မသိရှိဘဲရှိနေသောနေရာများကို မြင်နိုင်စေရန်အတွက် အချို့သော အန္တရာယ်ရှိသောဆော့ဖ်ဝဲလ်များသည် သင့်စက်ပစ္စည်းပေါ်ရှိ ကင်မရာကိုဖွင့်မည်ဖြစ်သည်။

    Turn off connectivity you're not using

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    WiFi သည် အများအားဖြင့် ပိုမိုကျယ်ပြန့်သောအင်တာနက်သို့ ကြိုးတပ်ချိတ်ဆက်ထားသော router သို့ ချိတ်ဆက်ရန် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အင်တာနက်ပေါ်ရှိ အခြားစက်ပစ္စည်းများသို့ ရောက်ရှိစေသည့် ဒေတာချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဆဲလ်ဖုန်းချိတ်ဆက်မှုများသည် တာဝါတိုင်များနှင့် ထပ်လောင်းကိရိယာများ ဆဲလ်လူလာကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားကွန်ပျူတာများနှင့် ဖုန်းများကို အသုံးပြုနိုင်စေရန် ကူညီပေးပါသည်။ NFC နှင့် Bluetooth တို့သည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို ၎င်းတို့အနီးရှိ အခြားစက်ပစ္စည်းများသို့လည်း ရေဒီယိုလှိုင်းများအသုံးပြု၍ ချိတ်ဆက်ပါ။ ဤချိတ်ဆက်မှုအားလုံးသည် အခြားသူများနှင့် ဆက်သွယ်ရန် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့၏စက်ပစ္စည်းများသည် အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်နေသောကြောင့် ကျွန်ုပ်တို့၏စက်ပစ္စည်းများနှင့် အရေးကြီးသောအချက်အလက်များကိုရရှိရန် တစ်စုံတစ်ဦးသည် ဤချိတ်ဆက်မှုကို မသမာသည့်နည်းဖြင့်အသုံးပြုမည့်အခွင့်အရေးရှိပါသည်။

    ထို့ကြောင့်၊ အထူးသဖြင့် wifi နှင့် Bluetooth တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည် (စက်သည် နှေးကွေးစွာလည်ပတ်နေခြင်း သို့မဟုတ် သင်အလွန်အကျွံအသုံးမပြုဘဲ အပူလွန်ကဲခြင်းကဲ့သို့)။

    သင်မှတ်မိသော wifi ကွန်ရက်များကို ရှင်းလင်းပါ။

    • သင့်စက်၏ကွန်ရက်များစာရင်းတွင်မှတ်ထားမည့်အစား သင့်စကားဝှက်မန်နေဂျာတွင် ကွန်ရက်အမည်များနှင့် စကားဝှက်များကို သိမ်းဆည်းပါ။
    • [သင့် wifi ကွန်ရက်များစာရင်းကို ဖျက်ပြီး "Remember networks this computer has joined"ကို uncheck ပြုလုပ်ပါ (https://support.apple.com/HT208941)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    When you turn your device's wifi connectivity on, it tries to look for any wifi network it remembers you have connected to before. Essentially, it "shouts" the names of every network on its list to see if they are available to connect to. Someone snooping nearby can use this "shout" to identify your device, because your list is usually unique: you have probably at least connected to your home network and your office network, not to mention networks at friends' houses, favorite cafes, etc. This fingerprint-like identification makes it easy for someone snooping in your area to target your device or identify where you have been.

    ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

    Turn off sharing you're not using

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့ ၎င်းကို အသုံးမပြုသည့်အခါတွင် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

    Use a firewall

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Firewall များသည် ကျွန်ုပ်တို့မမျှော်လင့်ထားသော အချက်အလက်များကို ဆော့ဖ်ဝဲတစ်ခုမှ စတင်နားဆင်သည့် အခြေအနေများတွင် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို ကာကွယ်ရန် ကူညီပေးပါသည်။တံခါးဖွင့်ထားခဲ့သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုရသော် မတော်တဆဖြစ်စေ သို့မဟုတ် အဆောက်အအုံအတွင်း၌ မသမာသူတစ်ဦးမှ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။အထွက်ချိတ်ဆက်မှုများကို စောင့်ကြည့်သည့် Firewall များသည် တစ်ခါတစ်ရံတွင် အန္တရာယ်ရှိသောဆော့ဖ်ဝဲတစ်ခုက ဒေတာခိုးယူရန် သို့မဟုတ် ညွှန်ကြားချက်များအတွက် "ဖုန်းလုပ်ဆောင်ချက်" ကို ခိုးယူရန်ကြိုးစားနေချိန်တွင် ကျွန်ုပ်တို့အား အသိပေးနိုင်ပါသည်။ အကယ်၍ သင်သည် အထွက်ချိတ်ဆက်မှုများကို ကန့်သတ်ရန် အထူးဒီဇိုင်းထုတ်ထားသည့် firewall တစ်ခုကို တပ်ဆင်ပါက သို့မဟုတ် သင်သည် built-in firewall ကို ဤနည်းအတိုင်း လုပ်ဆောင်ရန် ပြင်ဆင်ပါက၊ သင့်အနေဖြင့်အချိန်တစ်ခုယူပြီးလေ့လာသင့်သည် သို့မှသာ တစ်စုံတစ်ခုပုံမှန်မဟုတ်သည်ကိုတွေ့ရှိပါက ၎င်းfirewall သည်သင့်အား အချက်ပြပါလိမ့်မည်။

    Additional protection recommendations

    Advanced: figure out whether someone has accessed your device without your permission (basic forensics)

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ၊ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုးစစ်ဆေးစာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။