သင့် linux စက်ကို ကာကွယ်ပါ

နောက်ဆုံးပြင်ဆင်ထားသော18 May 2021

မာတိကာ

...မာတိကာ စတင်နေသည်...

    သင် Linux ကိုအသုံးပြုပါက၊ ၎င်းသည် Windows ထက်ပိုမိုလုံခြုံသည်ဟူသောဒဏ္ဍာရီကိုသင်ကြားဖူးပေမည်။ ၎င်းသည် မမှန်ကန်ပါ။ လုံခြုံရေးသည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အသုံးပြုပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အားနည်းချက်များရှိသည်ကို အချိန်မရွေးတွေ့ရှိနိုင်ပါသည်။ သင့်စက်ပစ္စည်းကို ပိုမိုလုံခြုံစေရန်အတွက် အောက်ပါအဆင့်များကို ဖြည့်စွက်ပါ။သင့်စက်အတွင်းရှိမည်သည့်အရာမှမပြောင်းလဲကြောင်းသေချာစေရန် ဤဆက်တင်များကို အခါအားလျော်စွာစစ်ဆေးသည့်အလေ့အကျင့်ကိုရယူပါ။

    ဤလမ်းညွှန်ချက်သည် Ubuntu Linux ကို အထူးဖော်ပြပါသည်။ အကယ်၍ သင်သည် Ubuntu ကိုအသုံးပြုနေပါက၊ ဤလမ်းညွှန်ချက်သည် အသုံးပြုသင့်ပါသည်။ သင်သည် အခြား Linux အမျိုးအစားကိုအသုံးပြုပါက အသုံးဝင်ကောင်းဝင်ပါလိမ့်မည်။ သို့မဟုတ်ပါကသင်အသုံးပြုနေသော Linux အမျိုးမျိုးအတွက် နှိုင်းယှဉ်နိုင်သော အကြောင်းအရာများကို ရှာဖွေရန် လိုအပ်ပါလိမ့်မည်။

    ပုံပြ လမ်းညွှန်

    အောက်ဖော်ပြပါ စစ်ဆေးရမည့် စာရင်းများကို သင်ကြည့်ရှုစဉ် ဤ ပုံပြလမ်းညွှန်ချက်ကို အသုံးပြုပါ။

    Use the latest version of your device's operating system (OS)

    • ဆော့ဖ်ဝဲကို update လုပ်သည့်အခါ၊ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးကဲ့သို့ ယုံကြည်စိတ်ချရသော တည်နေရာမှ လုပ်ဆောင်ပါ။
    • နောက်ဆုံးပေါ် OS သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး OS အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။ သင့်စက်၏လက်ရှိဗားရှင်းအား နောက်ဆုံးဗားရှင်းဟုတ်မဟုတ်ကို အောက်ပါအဆင့်များကိုကြည့်ပြီး တိုက်စစ်ဆေးမှုပြုလုပ်ပါ။
    • OS ၏ နောက်ဆုံးဗားရှင်းသည် သင့်စက်ပစ္စည်းတွင် အလုပ်လုပ်မည်မဟုတ်ပါက၊ Lubuntu ကဲ့သို့သော hardware အဟောင်းများအတွက် အထူးဖန်တီးထားသည့် Linux ဖြန့်ဖြူးမှုကို စမ်းကြည့်ပါ။ သို့မဟုတ် စက်ပစ္စည်းအသစ်ဝယ်ရန် စဉ်းစားပါ။
    • update တစ်ခုကို ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် ၎င်းကို အပြည့်အဝထည့်သွင်းထားကြောင်း သေချာစေရန်သင့်ကွန်ပျူတာကို ပြန်လည်စတင်ဖို့ သေချာလုပ်ဆောင်ပါ။
    • ရရှိနိုင်သော Ubuntu ၏ နောက်ဆုံးထွက်ဗားရှင်းကို ကြည့်ပါ
    • ၎င်းကို သင့်စက်တွင်ထည့်သွင်းထားသည့်ဗားရှင်းနှင့် နှိုင်းယှဉ်ပါ
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်သည့်ကုဒ်တွင် အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များအနေဖြင့် မည်သည့်နေရာတွင် တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။

    သို့သော် software developer များက ၎င်းအားနည်းချက်များကို ပြုပြင်ပေးမည့် code များကို ပုံမှန်ထုတ်လေ့ရှိပါသည်။ ထို့ကြောင့် update များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်တစ်ခုစီအတွက် လည်ပတ်မှုစနစ်၏ နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ သင့်စက်ပစ္စည်းကို အလိုအလျောက် update လုပ်ဖို့ သတ်မှတ်ပေးခြင်းဖြင့် သင့်တွင်သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခုလျော့သွားမည်ဖြစ်သည်။

    Use apps from trusted sources

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Ubuntu Software သည် Ubuntu တွင် အပလီကေးရှင်းများနှင့် ပရိုဂရမ်များကို ထည့်သွင်းရန်အတွက် အသုံးပြုရသော ပရိုဂရမ်ဖြစ်သည်။ ဤ Linux ဖြန့်ဖြူးရေးဆော့ဖ်ဝဲရေးသားသူများမှ စီမံခန့်ခွဲသော ဆော့ဖ်ဝဲလ် သိုလှောင်ရုံများမှ အက်ပ်များကိုသာ ထည့်သွင်းပါ။ "Mirror" ဒေါင်းလုဒ်ဝဘ်ဆိုက်များ၏ဝန်ဆောင်မှု ပံ့ပိုးပေးသူများကို သင်သိပြီး ယုံကြည်ခြင်းမရှိပါက၊ ၎င်းဆိုဒ်များသည် ယုံကြည်ရဖွယ်မရှိနိုင်ပါ။ အက်ပ်တစ်ခု၏အကျိုးခံစားခွင့်သည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက သင့်ကိုယ်သင်ကာကွယ်ရန်သင့်စက်ရှိကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အရေးကြီးသောအချက်အလက်များကို သိမ်းဆည်းသည့် ထပ်တိုးအဆင့်များကိုလုပ်ဆောင်ရပါမည်။

    အဘယ်ကြောင့် Security in a Box က အကြံပြုထားသည့် အက်ပ်များကို ယုံကြည်ရသလဲ ဆိုသည်ကို လေ့လာပါ

    Remove apps that you do not need and do not use

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်များနှင့် အက်ပ်များကို လုပ်ဆောင်သည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ အန္တရာယ်ရှိသောတိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသော App များကို ဖယ်ရှားခြင်းသည် သင့်စက်အတွက် အားနည်းချက်ဖြစ်စေသည့် App အရေအတွက်ကို ကန့်သတ်ပေးသည်။ သင်အသုံးမပြုသောApp များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့်အချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။

    သင့် အက်ပ် ၏ သဘောတူညီချက်ကို စစ်ဆေးပါ

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ပစ္စည်းဆက်တင်များကဲ့သို့ အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုသည့် App များသည်လည်း အဆိုပါအချက်အလက်များကို ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများထံတွင် အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုခုကိုအသုံးပြုရန် App တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။

    တည်နေရာကိုပိတ်ပြီးမှတ်တမ်းကိုဖျက်ပါ။

    • သင့်စက်တစ်ခုလုံးနှင့် အက်ပ်တစ်ခုချင်းအတွက်ပါ ၎င်းတို့ကို အသုံးမပြုသည့်အခါတွင် တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်သည့်အလေ့အကျင့်ကို ရယူပါ။
    • သင့်တည်နေရာကို ဖွင့်ထားပါက တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။
    • တည်နေရာဝန်ဆောင်မှုကို ပိတ်ပါ (https://help.ubuntu.com/stable/ubuntu-help/privacy-location.html)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ GPS၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် wifi အသုံးပြုနေသည့်နေရာကို အမြဲမပြတ်ခြေရာခံသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် လုပ်ဆောင်သည်။ သို့မဟုတ် သီးခြားနေရာများသို့ သွားရောက်ခဲ့ကြောင်း သို့မဟုတ် သီးခြားလူများနှင့် ဆက်စပ်နေကြောင်းပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။

    သင့်စက်တွင် သီးခြားအသုံးပြုသူအကောင့်ကိုပြုလုပ်ပါ။

    • သင့်စက်တွင်အကောင့်တစ်ခုထက်ပို၍ပြုလုပ်ထားပါ။ တစ်ခုသည် စီမံခန့်ခွဲမှုလုပ်သည့်အကောင့်နှင့် နောက်တစ်ခုသည် ပုံမှန်အသုံးပြုသူအကောင့်ဟူ၍ထားပါ။
      • သင်တစ်ဦးတည်းသာစီမံခန့်ခွဲသည့်အကောင့်ဝင်ခွင့်ရှိရမည်ဖြစ်သည်။
      • ပုံမှန်အကောင့်များကို သင့်စက်ပစ္စည်းပေါ်ရှိ အက်ပ်၊ ဖိုင် သို့မဟုတ် ဆက်တင်တိုင်းကို ဝင်ရောက်ခွင့်မပြုသင့်ပါ။
    • သင်၏နေ့စဉ်အလုပ်အတွက် ပုံမှန်အကောင့်တစ်ခုကို အသုံးပြုရန် စဉ်းစားပါ
      • ဆော့ဖ်ဝဲလ်ထည့်သွင်းခြင်းကဲ့သို့ သင့်စက်ပစ္စည်းလုံခြုံရေးကို ထိခိုက်စေသည့် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်မှသာ စီမံခန့်ခွဲသူအကောင့်ကို အသုံးပြုပါ။
      • ပုံမှန်အကောင့်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် သင့်စက်ပစ္စည်းသည် သူခိုးဆော့ဖ်ဝဲ၏ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ထိတွေ့နေရခြင်းကို တားဆီးနိုင်သည်။
      • နယ်စပ်ဖြတ်ကျော်သည့်အခါ "ခရီးသွားလျှင်အသုံးပြုသည့်" အကောင့်ဖွင့်ထားခြင်းဖြင့် သင်၏ပိုမိုထိခိုက်လွယ်သောဖိုင်များကို ဝှက်ထားနိုင်မည်ဖြစ်သည်။ ဤနယ်ခြားအာဏာပိုင်များသည် သင့်စက်ပစ္စည်းကို စေ့စေ့စပ်စပ်ရှာဖွေရန် သိမ်းယူမည်လား သို့မဟုတ် ၎င်းတို့က ၎င်းကိုဖွင့်ပြီး အမြန်ပြန်လည်သုံးသပ်ပြီး ပြန်ပေးမည်လား ဆိုသည်ကို သင်ကိုယ်တိုင်အကဲခတ်ပြီး အသုံးပြုပါ။ စစ်ဆေးသူတို့သည် သင့်စက်ပစ္စည်းအတွင်းသို့ နက်ရှိုင်းစွာကြည့်ရှုမည်မဟုတ်ဟု မျှော်လင့်ပါက၊ အထိခိုက်မခံသောအလုပ်အတွက် ပုံမှန်အကောင့်ကိုအသုံးပြုခြင်းသည် သင့်အနေဖြင့် ငြင်းဆိုနိုင်မှုအချို့ကို ပေးဆောင်နိုင်သည်။
    • အကောင့်များကို စီမံပါ (https://help.ubuntu.com/stable/ubuntu-help/user-accounts.html)
    • အရေးကြီးသောဆက်တင်များကိုပြောင်းလဲရန် စီမံခန့်ခွဲရေးဆိုင်ရာအခွင့်ထူးများရှိသူက စီမံပါ။(https://help.ubuntu.com/stable/ubuntu-help/user-admin-change.html)
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ထိလွယ်ရှလွယ် အလုပ်အတွက် သင်အသုံးပြုသည့် စက်များကို အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုပါသည်။ သို့သော် သင်၏စက်ပစ္စည်းများကို လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိသားစုနှင့် မျှဝေရမည်ဆိုပါက အရေးကြီးသောဖိုင်များကို အခြားသူများထံမှ ကာကွယ်ထားနိုင်ရန် သင့်စက်ပစ္စည်းပေါ်တွင် သီးခြားအကောင့်များကို ထည့်သွင်းခြင်းဖြင့် အရေးကြီးသောအချက်အလက်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ပါသည်။

    Remove unneeded accounts associated with your device

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက၊ ထပ်တိုး "တံခါး" ကို သင့်စက်ပေါ်တွင် ဖွင့်၍မထားခဲ့ခြင်းက ပိုကောင်းပါသည် (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်) ထို့အပြင် သင့်စက်ပစ္စည်းနှင့်ဆက်စပ်နေသည့်အကောင့်များကို စစ်ဆေးခြင်းသည် သင့်မသိဘဲ သင့်စက်ပေါ်တွင် တင်ထားသော အကောင့်များကို ဖော်ပြနိုင်သည်။

    သင့်မျက်နှာပြင်ကို ပိတ်ပြီး လော့ခ်ချရန် သတ်မှတ်ပါ။

    • ၎င်းကိုအသုံးပြုပြီးသည့် အချိန်တိုအတွင်း လော့ခ်ချရန် သင့်မှန်မျက်နှာပြင်ကို သတ်မှတ်ပါ (၅ မိနစ်ထားခြင်းသည် ကောင်းပါသည်)(https://help.ubuntu.com/stable/ubuntu-help/privacy-screen-lock.html)
    • စကားဝှက်တို သို့မဟုတ် ပင်နံပါတ်အတိုမဟုတ်ဘဲ ရှည်လျားသော စကားစုပါသည့်စကားဝှက် (စာလုံး 16 လုံးထက် ပိုရှည်သည်) ကို အသုံးပြုပါ။(https://help.ubuntu.com/stable/ubuntu-help/user-changepassword.html)
    • သင့်လက်ဗွေ၊ မျက်နှာ၊ မျက်လုံး သို့မဟုတ် အသံကို လော့ခ်ဖွင့်သည့်စနစ်ပြုလုပ်ထားခြင်းသည် သင့်အား အင်အားသုံး၍ ဖွင့်ခိုင်းနိုင်သည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့် မသန်စွမ်းခြင်းမရှိပါက ဤရွေးချယ်စရာများကို မသုံးပါနှင့်။
    • သင့်လက်ဗွေရာကိုထည့်ထားပြီးဖြစ်ပါက Setting သို့သွားပြီး Users ကိုနှိပ်ပါ ထို့နောက် Fingerprint login ဘေးက "Enabled" ကိုနှိပ်ပြီး Delete Fingerprints ကိုရွေးပြီး သင့်လက်ဗွေရာအားဖယ်ရှားပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ဤအကြောင်းအရာကြောင့်၊ စကားဝှက်စခရင်လော့ခ်ကို ပြုလုပ်ထားခြင်းသည် အဆင်ပြေပြီး ၎င်းကိုဖွင့်လိုက်ရုံဖြင့် သင့်စက်ကို မည်သူမျှ ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပေ။

    စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ သို့မဟုတ် ပင်နံပါတ်များကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ မျက်နှာပြင်ပေါ်ရှိ လက်ဗွေရာများကို ကြည့်ခြင်းဖြင့် "pattern" သော့ခတ်မှုများကို ခန့်မှန်းနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။

    ဤအကြောင်းများကြောင့်၊ ချမှတ်ရန်အလုံခြုံဆုံးသောသော့သည် ရှည်လျားသော စကားဝှက်တစ်ခုဖြစ်သည်။

    Control what can be seen when your device is locked

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ခိုင်မာသော မျက်နှာပြင်လော့ခ်သည် သင့်စက်ပစ္စည်းအား ခိုးယူခံရပါက သို့မဟုတ် သိမ်းဆည်းခံရပါက အကာအကွယ်အချို့ကို ပေးလိမ့်မည်။ သို့သော် သင့်လော့ခ်မျက်နှာပြင်တွင် ပေါ်လာသည့် အကြောင်းကြားချက်များကို မပိတ်ပါက၊ သင့်အဆက်အသွယ်များက စာတိုများပေးပို့သည့်အခါနှင့် အီးမေးလ်အသစ်များသင်လက်ခံသည့်အခါတွင် အချက်အလက်များပေါက်ကြားနိုင်ပြီး သင့်စက်ပစ္စည်းရရှိနေသည့် မည်သူမဆို မြင်တွေ့နိုင်မည်ဖြစ်သည်

    Use a physical privacy filter that prevents others from seeing your screen

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း၊ လူ့အခွင့်အရေးကာကွယ်သူအချို့သည် ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် တစ်စုံတစ်ယောက်သည် ၎င်းတို့၏စခရင်ကို အပေါ်မှချောင်းကြည့်ပြီး သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြုကြည့်ရှုပြီး ၎င်းတို့၏အကောင့်များကို အခိုးခံရကြောင်း လေ့လာသိရှိရသည်မှာ အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ကိုယ်ရေးကိုယ်တာကာကွယ်သည့်မှန်တစ်ခုက ထိုသို့လုပ်ဆောင်နေသူတို့ကို အောင်မြင်နိုင်ခြေနည်းစေသည်။ ၎င်းတို့ကို စက်နှင့်ဆက်စပ်သည့်ပစ္စည်းများရှိသည့်နေရာတိုင်းတွင် ရှာကြည့်နိုင်သည်။

    Use a camera cover

    • ပထမဆုံးအနေနှင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာတွင်ရှိ၊ မရှိကို ရှာဖွေပါ။ သင့်စက်တွင်တပ်ဆင်ထားသည့်ကင်မရာအပြင် သင့်စက်တွင်ထည့်သွင်းထားသည့် ကင်မရာတစ်လုံးကိုပါ အသုံးပြုပါက သင့်ကွန်ပျူတာတွင် ကင်မရာတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။
    • နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို အခွံခွာပါ။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
    • သို့မဟုတ် "webcam cover thin slide" အတွက် သင်နှစ်သက်ရာ စတိုးကို ရှာပါ။ အချို့အဖုံးများသည် ထူလွန်းသဖြင့် သင့်လက်ပ်တော့ မပိတ်နိုင်သောကြောင့် "ပါးလွှာ"သည့်အဖုံးကိုရှာဖွေရန် အရေးကြီးပါသည်။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ သို့မဟုတ် သင်မသိရှိဘဲရှိနေသောနေရာများကို မြင်နိုင်စေရန်အတွက် အချို့သော အန္တရာယ်ရှိသောဆော့ဖ်ဝဲလ်များသည် သင့်စက်ပစ္စည်းပေါ်ရှိ ကင်မရာကိုဖွင့်မည်ဖြစ်သည်။

    Turn off connectivity you're not using

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Wi-Fi သည် အများအားဖြင့် ပိုမိုကျယ်ပြန့်သော အင်တာနက်ရရှိစေရန် ရေဒီယိုလှိုင်းများကို အသုံးပြုပြီးကြိုးတပ်ချိတ်ဆက်ထားသော router ဖြင့်ချိတ်ဆက်၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများမှ အခြားစက်ပစ္စည်းများသို့ ရောက်ရှိစေသည့် ဒေတာချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဆဲလ်ဖုန်းချိတ်ဆက်မှုများသည် တာဝါတိုင်များနှင့် ထပ်ဆင့်ချိတ်ဆက်သည့်ကိရိယာများ၏ဆဲလ်လူလာကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားကွန်ပြူတာများနှင့် ဖုန်းများကို အသုံးပြုနိုင်စေရန် ကူညီပေးပါသည်။NFC နှင့် Bluetooth တို့သည် ရေဒီယိုလှိုင်းများအသုံးပြု၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အနီးရှိ အခြားစက်ပစ္စည်းများနှင့်လည်း ချိတ်ဆက်ပေးပါသည်။ ဤချိတ်ဆက်မှုအားလုံးသည် အခြားသူများနှင့် ဆက်သွယ်ရာတွင် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့၏စက်ပစ္စည်းများသည် အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်နေသောကြောင့် တစ်စုံတစ်ဦးသည် ဤချိတ်ဆက်မှုကိုအသုံးပြု၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများနှင့် အရေးကြီးသောအချက်အလက်များကိုရရှိရန်လုပ်ဆောင်နိုင်သည့် အခွင့်အရေးရှိပါသည်။

    ထို့ကြောင့်၊ အထူးသဖြင့် wifi နှင့် Bluetooth တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည် (စက်သည် နှေးကွေးစွာလည်ပတ်နေခြင်း သို့မဟုတ် သင်အလွန်အကျွံအသုံးမပြုဘဲ အပူလွန်ကဲခြင်းကဲ့သို့)။

    သင်မှတ်မိသော wifi ကွန်ရက်များကို ရှင်းလင်းပါ။

    • သင့်စက်၏ကွန်ရက်များစာရင်းတွင်မှတ်ထားမည့်အစား သင့်စကားဝှက်မန်နေဂျာတွင် ကွန်ရက်အမည်များနှင့် စကားဝှက်များကို သိမ်းဆည်းပါ။
    • [ကွန်ရက်တစ်ခုစီအတွက် ဤညွှန်ကြားချက်များကို အသုံးပြု၍ သင့် wifi ကွန်ရက်များစာရင်းကို ပုံမှန်ဖျက်ခြင်း] အလေ့အကျင့်ကိုရယူပါ (https://help.ubuntu.com/stable/ubuntu-help/net-wrongnetwork.html) သင်ထိုနေရာတွင်ရှိနေစဉ် "အလိုအလျောက်ချိတ်ဆက်ခြင်း" နှင့် "အခြားအသုံးပြုသူများအတွက် အသုံးပြုခွင့်ပေးခြင်း" လုပ်ဆောင်ချက်ကို ပိတ်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    သင့်စက်၏ wifi ချိတ်ဆက်မှုကို ဖွင့်လိုက်သောအခါ၊ ၎င်းသည် သင် ယခင်က ချိတ်ဆက်ထားခဲ့သော မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းနှင့်ချိတ်ဆက်ရန်ရနိုင်ခြင်းရှိမရှိကြည့်ရှုရန် ၎င်း၏စာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင် လျှိုလျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင့်စာရင်းသည် အများအားဖြင့် ထူးခြားသည်- သင့်တွင် အနည်းဆုံး သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဖြစ်နိုင်သည်၊ သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များ၊ စသည်ဖြင့် ကွန်ရက်များကို ဖော်ပြခြင်းမပြုပါနှင့်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်ဧရိယာအတွင်း လျှိုနေသူတစ်ဦးအတွက် သင့်စက်ပစ္စည်းကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိခဲ့သည့်နေရာကို ဖော်ထုတ်ရန် လွယ်ကူစေသည်။

    ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။

    သင်အသုံးမပြုပါက မျှဝေခြင်းကိုပိတ်ထားပါ

    Ubuntu may not automatically make it possible to share files, media, or your desktop. If you know sharing is available on your device, check and see if you need to turn the following settings off. If you cannot find the settings using the instructions described here, you probably do not have these sharing options installed.

    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့ ၎င်းကို အသုံးမပြုသည့်အခါတွင် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။

    Use a firewall

    • Gufw ကိုသုံးပါ
      • ပုံသေအနေဖြင့် "incoming" ကို "Deny"လုပ်ပြီး "Outgoing" ကို "Allow" လုပ်ပါ။
    ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ

    Firewall များသည် သင့်စက်အတွက် မလိုအပ်သော ဆက်သွယ်မှုများကို ရပ်တန့်စေသည့် လုံခြုံရေး ရွေးချယ်မှုတစ်ခုဖြစ်သည်။ မည်သူဝင်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် အဆောက်အအုံ၏ တံခါးဝတွင်ထားသော လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ပင်၊ Firewall သည် သင့်စက်မှ ဆက်သွယ်ရေးအဝင်အထွက်နှင့်ပတ်သက်သည့်အချက်အလက်များကို လက်ခံခြင်း၊စစ်ဆေးခြင်းများပြုလုပ်ပြီး ဆုံးဖြတ်ချက်များချပေးသည်။ အန္တရာယ်ရှိသောကုဒ်အား သင့်စက်ပစ္စည်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်းမှ ကာကွယ်ရန် သင့်အား firewall ဖွင့်ရန် အကြံပြုအပ်ပါသည်။ ပုံသေ firewall တည်ဆောက်မှုသည် လူအများစုအတွက် လုံလောက်သော အကာအကွယ်ဖြစ်သင့်သည်။

    မည်သည့်စက်ပစ္စည်းမဆို Firewall ဖွင့်ထားပြီးသား မဟုတ်ပါ။ ဤစနစ်များသည် ကွန်ရက်ချိတ်ဆက်မှုများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားသည်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ဆော့ဖ်ဝဲလ်အနေဖြင့် နားမထောင်သင့်သည့်ချိန်တွင် နားမထောင်ဟု ယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့သည် အစောင့်များနှင့် ကင်မရာများကို အနှောက်အယှက်မပေးသော အဆောက်အဦပိုင်ရှင်များကဲ့သို့ပင် ထိုသူတို့သည် မည်သည့်တံခါးများကို ဖွင့်သည်၊ မည်သည်တို့ကို ပိတ်သည် နှင့် မည်သည့်နေရာအား အချို့သောသော့ရှိသူများသာ ဖွင့်နိုင်မည်စသည့်တာဝန်များကိုကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယုံကြည်သောကြောင့်ဖြစ်သည်။

    Firewall များသည် ကျွန်ုပ်တို့မမျှော်လင့်ထားသော အချက်အလက်များကို ဆော့ဖ်ဝဲတစ်ခုမှ စတင်နားဆင်သည့် အခြေအနေများတွင် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို ကာကွယ်ရန် ကူညီပေးပါသည်။ တံခါးဖွင့်ထားခဲ့သည့်နေရာ၊ တစ်နည်းအားဖြင့်ဆိုရသော် မတော်တဆဖြစ်စေ သို့မဟုတ် အဆောက်အအုံအတွင်းရှိ အန်တရာယ်ရှိသော လူတစ်ဦးမှဖွင်ထားခဲ့ခြင်းဖြစ်နိုင်သည်။ ထွက်သွားသည့်ချိတ်ဆက်မှုများကို စောင့်ကြည့်သည့် Firewall များသည် တစ်ခါတစ်ရံတွင် အန္တရာယ်ရှိသောဆော့ဖ်ဝဲကနေ ဒေတာခိုးယူရန် သို့မဟုတ် ညွှန်ကြားချက်များအတွက် "Phone home" ကို ခိုးယူရန်ကြိုးစားနေချိန်တွင် ကျွန်ုပ်တို့အား အသိပေးနိုင်ပါသည်။ အကယ်၍ သင်သည် အထွက်ချိတ်ဆက်မှုများကို ကန့်သတ်ရန် အထူးထုတ်ထားသည့် firewall တစ်ခုကို တပ်ဆင်ပါက သို့မဟုတ် သင်သည် built-in firewall ကို ဤနည်းအတိုင်း လုပ်ဆောင်ရန်ပြုလုပ်ထားပါက၊ သင့်အနေဖြင့် လေ့ကျင့်ရန်အချိန်အနည်းငယ်ယူပြီးပြင်ဆင်သင့်သည်၊ သို့မှသာ ပုံမှန်မဟုတ်သောအရာတစ်ခုခုကိုတွေ့ရှိပါက ၎င်း firewall သည် သင့်အားအချက်ပြနိုင်ပေမည်။

    ထပ်မံပါရှိသော အရင်းအမြစ်များ

    လတ်တလောအမေးများသည့်မေးခွန်းများ

    မေး-သူခိုးဆော့ဖ်ဝဲအများစုကို Windows အတွက် ဒီဇိုင်းထုတ်ထားတာကြောင့် Linux မှာ Virus မရှိနိုင်ဘူးလို့ ကြားဖူးပါတယ်။ ဒါအမှန်လား။

    ဖြေ- မဟုတ်ပါ။ သူခိုးဆော့ဖ်ဝဲ အများစုသည် Windows ကို ပစ်မှတ်ထားသော်လည်း၊ ဥပမာအားဖြင့် သင်သည် virus ပိုးရှိလင့်ခ်ကို နှိပ်ပါက သို့မဟုတ် အန္တရာယ်ရှိသော ပူးတွဲပါဖိုင်ကို ဖွင့်ပါက သင်သည် Linux အသုံးပြုသူအနေဖြင့် သူခိုးဆော့ဖ်ဝဲရရှိနိုင်သည်။ သူခိုးဆော့ဖ်ဝဲအကြောင်းနှင့် ၎င်းအား ရှောင်ရှားနည်းကို ဤေနရာတွင် ပိုမိုလေ့လာပါ။(../malware/).

    ** မေး- Ubuntu သည် Windows သို့မဟုတ် Mac OS X ထက် အသုံးချရန် ခက်ခဲပါသလား။**

    A: Not necessarily. The process of discovering vulnerabilities and exploiting is pretty much the same, regardless of your operating system.