သင့် IOS စက်ပစ္စည်းကို ကာကွယ်ပါ
နောက်ဆုံးပြင်ဆင်ထားသော30 April 2021
မာတိကာ
...မာတိကာ စတင်နေသည်...iPhone သို့မဟုတ် iPad ကိုအသုံးပြုပါက ၎င်းတို့သည် ပိုမိုလုံခြုံသည်ဟူသော ဒဏ္ဍာရီကို ကြားဖူးပေမည်။ ဒါက သေချာပေါက်မမှန်ပါ။ လုံခြုံရေးသည် ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အသုံးပြုပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အားနည်းချက်များရှိသည်ကို အချိန်မရွေးတွေ့ရှိနိုင်ပါသည်။ သင့်စက်ပစ္စည်းကို ပိုမိုလုံခြုံစေရန်အတွက် အောက်ပါအဆင့်များကို ဖြည့်စွက်ပါ။ မိမိစက်တွင်မည်သည့်အရာမှ မပြောင်းလဲကြောင်းသေချာစေရန် ဤဆက်တင်များကို အခါအားလျော်စွာစစ်ဆေးသည့်အလေ့အကျင့်ကိုရယူပါ။
ပုံပြ လမ်းညွှန်
အောက်ဖော်ပြပါ စစ်ဆေးရမည့် စာရင်းများကို သင်ကြည့်ရှုစဉ် ဤ ပုံပြလမ်းညွှန်ချက်ကို အသုံးပြုပါ။
သင့်စက်ပစ္စည်း လည်ပတ်မှုစနစ် (OS) ၏ နောက်ဆုံးဗားရှင်းကို အသုံးပြုပါ
- ဆော့ဖ်ဝဲကို update လုပ်သည့်အခါ၊ အင်တာနက်ကဖေး သို့မဟုတ် ကော်ဖီဆိုင်တွင်မဟုတ်ဘဲ သင့်အိမ် သို့မဟုတ် ရုံးခန်းကဲ့သို့ ယုံကြည်ရသော တည်နေရာတွင် အင်တာနက်ချိတ်ဆက်မှု ပြုလုပ်ပါ။
- နောက်ဆုံးပေါ် OS သို့ အဆင့်မြှင့်တင်ခြင်းသည် ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်စတင်ရန် လိုအပ်ပေမည်။ သင့်စက်ပစ္စည်းနှင့် အလုပ်မလုပ်မည့်အချိန်ကို ချိန်ပြီး OS အဆင်မြင့်တင်ခြင်းကိုပြုလုပ်ပါ။ သင့်စက်၏လက်ရှိဗားရှင်းအား နောက်ဆုံးဗားရှင်းဟုတ်မဟုတ်ကို အောက်ပါအဆင့်များကိုကြည့်ပြီး တိုက်စစ်ဆေးမှုပြုလုပ်ပါ။
- OS ၏နောက်ဆုံးဗားရှင်းသည် သင့်စက်ပစ္စည်းတွင်မလည်ပတ်ပါက စက်ပစ္စည်းအသစ်ဝယ်ရန် စဉ်းစားခြင်းသည် အကောင်းဆုံးဖြစ်သည်။
- ပြုပြင်မွမ်းမံမှု တစ်ခု ကို ဒေါင်းလုဒ် ပြုလုပ်ပြီးသည်နှင့် ၎င်းကိုအပြည့်အဝထည့်သွင်းထားကြောင်း သေချာစေရန် သင့်စက်ပစ္စည်းကို ပြန်လည်စတင်ခြင်း သေချာပြုလုပ်ပါ။
- ရရှိနိုင်သည့် အဆင့်မြှင့်ထားသော ဗားရှင်းကို ကြည့်ပါ(https://support.apple.com/HT201222)
- ၎င်းကို သင့်စက်တွင် ထည့်သွင်းထားသည့်ဗားရှင်းနှင့် နှိုင်းယှဉ်ပါ။(https://support.apple.com/HT201685)
- သင့်လည်ပတ်မှုစနစ်ကိုအဆင့်မြှင့်ပါ
(https://support.apple.com/guide/iphone/iph3e504502/14.0/ios/14.0)
- သင့် OS ကို ၎င်းကိုယ်တိုင် update လုပ်ရန် ပြုလုပ်ပါ။(https://support.apple.com/guide/iphone/iph3e504502/14.0/ios/14.0)
Notes
- iOS update လမ်းညွှန်သည် သင်၏လည်ပတ်မှုစနစ်ကို မွမ်းမံခြင်းမပြုမီ သင့်စက်ပစ္စည်းကို cloud (ဆိုလိုသည်မှာ Apple ၏ကိုယ်ပိုင်ကွန်ပျူတာများ) တွင် အရန်သိမ်းရန် အကြံပြုထားသည်။ သင်ကြုံတွေ့ရသည့် ခြိမ်းခြောက်မှုများကြောင့် ၎င်းသည် သင့်အတွက် လုံခြုံခြင်းရှိ မရှိ စဉ်းစားပါ။ တနည်းအားဖြင့် သင့်ဖုန်း သို့မဟုတ် tablet ကို သင့်ကိုယ်ပိုင်ကွန်ပျူတာသို့ အရန်ကူးယူပါ။
ဤသည်ကိုကျွန်ုပ်တို့အဘယ်ေကြာင့်အကြံပြုကြောင်းလေ့လာပါ
သင့်စက်များနှင့် အက်ပ် များကို လုပ်ဆောင်သည့်ကုဒ်တွင် အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော developer များအနေဖြင့် မည်သည့်နေရာတွင် တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်များအတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။
သို့သော် software developer များက ၎င်းအားနည်းချက်များကို ပြုပြင်ပေးမည့် code များကို ပုံမှန်ထုတ်လေ့ရှိပါသည်။ ထို့ကြောင့် update များကို ထည့်သွင်းရန်နှင့် သင်အသုံးပြုသည့် စက်တစ်ခုစီအတွက် လည်ပတ်မှုစနစ်၏ နောက်ဆုံးဗားရှင်းကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။ သင့်စက်ပစ္စည်းကို အလိုအလျောက် update လုပ်ဖို့ သတ်မှတ်ပေးခြင်းဖြင့် သင့်တွင်သတိတရလုပ်ဆောင်ရမည့်တာဝန်တစ်ခုလျော့သွားမည်ဖြစ်သည်။
Lockdown လုပ်ဆောင်ချက်ကို ဖွင့်ထားပါ။
အကယ်၍ သင်သည် iOS အသုံးပြုသည့် iPhone၊ iPad သို့မဟုတ် အခြားစက်ပစ္စည်းကို အသုံးပြုပါက ကျွန်ုပ်တို့အနေဖြင့် lock down လုပ်ဆောင်ချက်(https://support.apple.com/en-gb/guide/iphone/iph049680987/ios) ကိုဖွင့်ထားဖို့ အကြံပြုအပ်ပါသည်။ သင့်စက်၏အလုပ်လုပ်ပုံတွင် မည်သည့်ထူးခြားမှုကိုမှ များများစားစားမတွေ့နိုင်သော်လည်း ဤသို့ပြုလုပ်ခြင်းသည် သင့်အား ပိုမိုကာကွယ်ပေးလိမ့်မည်။
ဤသည်ကိုကျွန်ုပ်တို့အဘယ်ေကြာင့်အကြံပြုကြောင်းလေ့လာပါ
iOS ဗားရှင်း 16.0 တွင် Lockdown Mode ဟုခေါ်သော သင့်စက်ပစ္စည်းကို ကာကွယ်မှုတိုးမြှင့်ရန် အလွန်အရေးကြီးသောကိရိယာပါရှိပါသည်။ ဤအင်္ဂါရပ်သည် Pegasus ကဲ့သို့သော ခေတ်မီဆန်းပြားသော spyware မှအသုံးပြုသော ကူးစက်မှုဗျူဟာများကို တားဆီးထားသည်။ Lockdown Mode လုပ်ဆောင်ချက်များကို လူတိုင်းအသုံးပြုသင့်ပြီး ၎င်းသည် အမှန်တကယ် စံလည်ပတ်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည်။
ယုံကြည်ရသောရင်းမြစ်များမှထုတ်သော အက်ပ် များကိုအသုံးပြုပါ
သင့်စက်ပစ္စည်းကို jailbreak လုပ်ခြင်း သို့မဟုတ် root လုပ်ခြင်းမပြုရန် အကြံပြုပါသည်၊ ၎င်းသည် သင့်အား အန္တရာယ်ရှိသောကုဒ်မှတဆင့် ပို၍အန္တရာယ်ဖြစ်စေပါသည်။
- App Store ကိုရှာပါ
- သင့်စက်တွင် "jailbreaking" ကိုရှောင်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Apple ၏ App Store သည် iPhone အတွက်တရားဝင်အက်ပ်စတိုးဖြစ်သည်။ တစ်နေရာတည်းတွင် အက်ပ်များထားရှိခြင်းသည် သင်အလိုရှိသည့်အရာများကို ရှာဖွေထည့်သွင်းရန် လွယ်ကူစေသည့်အပြင် ကြီးမားသောလုံခြုံရေးချိုးဖောက်မှုများအတွက် App များကို စောင့်ကြည့်ရန်လည်း ပိုမိုလွယ်ကူစေသည်။ App store မှ App များကိုသာ ထည့်သွင်းပါ သို့မဟုတ် App ဆော့ဖ်ဝဲရေးသားသူ၏ ဝဘ်ဆိုက်မှ အက်ပ်များကိုသာ ထည့်သွင်းပါ (ဝဘ်လိပ်စာကို ကြည့်ပါ)။
အက်ပ် store များမှ သို့မဟုတ် ဆော့ဖ်ဝဲရေးသားသူများကိုယ်တိုင်၏ ဝဘ်ဆိုက်များမှ အက်ပ်များကိုသာ ထည့်သွင်းပါ။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသူများကို သင်မသိဘဲ ယုံကြည်ခြင်းမရှိပါက "တူညီစွာ ကူးယူထားသည့်" ဒေါင်းလုဒ်ချသည့် ဝဘ်ဆိုက်များသည် ယုံကြည်၍ မရနိုင်ပါ။ အက်ပ်တစ်ခု၏ အကျိုးရရှိမှုသည် အန္တရာယ်ရှိခြင်းထက် သာလွန်သည်ဟု သင်ဆုံးဖြတ်ပါက ကိုယ်ရေးကိုယ်တာနှင့် အရေးကြီးအချက်အလက်များကို ထိုစက်ပစ္စည်းတွင် မသိမ်းဆည်းထားရန် စီစဉ်ခြင်းကဲ့သို့သော သင့်ကိုယ်သင်ကာကွယ်မည့် ထပ်ဆောင်းအဆင့်များ ကို လုပ်ဆောင်ပါ။
Security in a Box အကြံပြုထားသည့် app များကို ဘာကြောင့် ယုံကြည်ရသည် ဆိုသည်ကိုလေ့လာပါ ။
အချို့သော အာဏာရှင်အစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် နည်းပညာကုမ္ပဏီများအား အက်ပ်အချို့ကို ပိတ်ပင်ရန် တောင်းဆိုထားသည်။ ထိုသို့ဖြစ်လာသောအခါတွင်၊ သင်၏အဆက်အသွယ်များသည် ပြင်ပApp store များ သို့မဟုတ် ဝဘ်ဆိုက်များသို့သွားခြင်းဖြင့် တားမြစ်ထားသောအက်ပ်များကိုထည့်သွင်းရန်အတွက် သင့်မိုဘိုင်းကို "jailbreak" သို့မဟုတ် "root" လုပ်ရန် တိုက်တွန်းနိုင်ပါသည်။
သင်အသုံးမပြုသည့်မလိုအပ်သော app များကို ဖယ်ရှားပါ။
- App library မှ App တစ်ခုကို ဖျက်ရန် ညွှန်ကြားချက်များကို လိုက်နာပါ(https://support.apple.com/en-gb/guide/iphone/iph248b543ca/ios)
- ၎င်းအစား သင့် ဘရောက်ဇာ (Firefox) မှတစ်ဆင့် ဝင်ရောက်ပြီး ဆိုရှယ်မီဒီယာနှင့် အခြားဆိုက်များကို ဝင်ရောက်ကြည့်ရှုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်ပစ္စည်းများနှင့် အက်ပ် များကို လုပ်ဆောင်ပေးသည့် ကုဒ်ရှိ အားနည်းချက်အသစ်များကို နေ့စဉ် တွေ့ရှိနေပါသည်။ ကုဒ်သည် အလွန်ရှုပ်ထွေးသောကြောင့် ထိုကုဒ်ကိုရေးသော ရေးသားသူများသည် မည်သည့်နေရာတွင်တွေ့မည်ကို ခန့်မှန်း၍မရပါ။ မလိုလားအပ်သော တိုက်ခိုက်သူများသည် သင့်စက်ပစ္စည်းများ အတွင်းသို့ ဝင်ရောက်ရန် ဤအားနည်းချက်များကို အသုံးချနိုင်သည်။ သင်အသုံးမပြုသောအက်ပ်များကို ဖယ်ရှားခြင်းသည် အားနည်းချက်ဖြစ်နိုင်သည့်အက်ပ်အရေအတွက်ကို ကန့်သတ်လျှော့ချပေးသည်။ သင်အသုံးမပြုသောအက်ပ်များသည် သင့်တည်နေရာကဲ့သို့ အခြားသူများနှင့် မမျှဝေလိုသည့် သင့်အကြောင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ အက်ပ်များကို သင်မဖယ်ရှားနိုင်ပါက ၎င်းတို့ကို အနည်းဆုံး သင် ပိတ်နိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။
အက်ပ်များသည် သင့်ဖုန်း၏ ID ၊ သင့်ဖုန်းနံပါတ်နှင့် သင် မည်သည့် ဝိုင်ဖိုင်ကို ချိတ်ဆက်ထားသည် ကဲ့သို့သော သင့်ဒေတာအများအပြားကို မျှဝေနိုင်ပါသည်။ ဖေ့ဘွတ် သို့မဟုတ် WhatsApp စသည့် ဆိုရှယ်မီဒီယာအပါအဝင် သင်အသုံးပြုသည့် ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုရန်အတွက် App ရှိရန် မလိုအပ်ပါ။ သင့် တကိုယ်ရည်အချက်အလက်များကာကွယ်ရန် ၎င်းတို့ကို သင့်စက်ပစ္စည်းပေါ်ရှိ browser မှတစ်ဆင့် အသုံးပြုပါ။
သင့် အက်ပ် ၏ သဘောတူညီချက်ကို စစ်ဆေးပါ
- ခွင့်ပြုချက်အားလုံးကို တစ်ခုပြီးတစ်ခု စစ်ဆေးပါ။
အောက်ပါခွင့်ပြုချက်များဖြစ်သည့် တည်နေရာ၊ အဆက်အသွယ်များ၊ SMS၊
မိုက်ခရိုဖုန်း၊ ကင်မရာ၊ ခေါ်ဆိုမှုမှတ်တမ်းများ၊ ဖုန်း၊ system
ဆက်တင်များကို ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ပြောင်းလဲခြင်း, အခြားApp
တစ်ခုခုကို ဒေါင်းလုပ်ဆွဲခွင့်ပြုခိုင်းခြင်းတို့သည် အန္တရာယ်ရှိသောApp
များမှ ပုံမှန်အသုံးပြုသောအရာဖြစ်သည့်အတွက်
ထူးခြားစွာသံသယရှိဖွယ်အကြောင်းအရာများဖြစ်သည်။
- ဤဆောင်းပါကိုဖတ်ပါ
- ထို့နောက် အောက်ပါအဆင့်များကို လိုက်နာပါ
- ကိုယ်ရေးကိုယ်တာနှင့်တည်နေရာဝန်ဆောင်မှုများ(https://support.apple.com/en-us/HT203033) နှင့်
- အခြားသောApp ခွင့်ပြုချက်များ(https://support.apple.com/guide/iphone/iph251e92810/ios)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်တည်နေရာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ သို့မဟုတ် စက်ပစ္စည်းဆက်တင်များကဲ့သို့ အရေးကြီးသော ဒစ်ဂျစ်တယ်အသေးစိတ်အချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုသည့် App များသည်လည်း အဆိုပါအချက်အလက်များကို ပေါက်ကြားနိုင်သည် သို့မဟုတ် တိုက်ခိုက်သူများထံတွင် အသုံးချခံရနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုတစ်ခုခုကိုအသုံးပြုရန် App တစ်ခုမလိုအပ်ပါက၊ အဆိုပါခွင့်ပြုချက်ကို ပိတ်ပါ။
တည်နေရာအားပိတ်ထားပြီး မှတ်တမ်းအားရှင်းလင်းပါ
- သင့်စက်တစ်ခုလုံးနှင့် အက်ပ်တစ်ခုချင်းအတွက်ပါ ၎င်းတို့ကို အသုံးမပြုသည့်အခါတွင် တည်နေရာဝန်ဆောင်မှုများကို အလုံးစုံပိတ်သည့်အလေ့အကျင့်ကို ရယူပါ။
- သင့်တည်နေရာကို ဖွင့်ထားပါက တည်နေရာမှတ်တမ်းကို ပုံမှန်စစ်ဆေးပြီး ရှင်းလင်းပါ။
- သင့်စက်ကို မည်ကဲ့သို့ တည်နေရာပိတ်မည်ကို သင်ယူပါ(https://support.apple.com/HT207092)
- နှင့် သင့် I Phone ရှိ မြေပုံပါရှိသည့်အက်ပ်တွင် (https://support.apple.com/guide/iphone/iph32b15b22f/ios) သို့မဟုတ် iPad
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အသုံးပြုနေသည့်နေရာ၊ GPS၊ ဆဲလ်ဖုန်းတာဝါတိုင်များ သို့မဟုတ် wifi အသုံးပြုနေသည့်နေရာကို အမြဲမပြတ်ခြေရာခံသည်။ သင့်စက်ပစ္စည်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာတည်နေရာကို မှတ်တမ်းတင်ထားပါက၊ တစ်စုံတစ်ဦးသည် သင့်အား ရှာဖွေတွေ့ရှိနိုင်စေရန် လုပ်ဆောင်သည်။ သို့မဟုတ် သီးခြားနေရာများသို့ သွားရောက်ခဲ့ကြောင်း သို့မဟုတ် သီးခြားလူများနှင့် ဆက်စပ်နေကြောင်းပြသရန် အဆိုပါမှတ်တမ်းကို အသုံးပြုနိုင်သည်။
သင့်စက်နှင့်ချိတ်ဆက်ထားသော အကောင့်များကို လုံခြုံအောင်ထားပါ။
- သင်စွန့်ပစ်ထားသော၊ ထိန်းချုပ်မှုမရှိသော သို့မဟုတ် အသိအမှတ်မပြုသည့် စက်ပစ္စည်းများမှ သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များကို သင်မြင်ပါက သင့်အကောင့်လုပ်ဆောင်ချက်ကိုပြသသည့် စာမျက်နှာများ၏ ဓာတ်ပုံ သို့မဟုတ် screenshot ကိုရိုက်ယူလိုမည်ဖြစ်သည်။
- ဆိုရှယ်မီဒီယာအကောင့်အပိုင်းကိုလည်းကြည့်ပါ (../../communication/social-media)
- သင့်အကောင့်ကိုမည်သို့စီမံမည်ကိုသင်ယူပါ(https://support.apple.com/en-us/HT205064)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်ပစ္စည်းအများစုတွင် Android ဖုန်းရှိ Google အကောင့်များ၊ Chrome Laptop နှင့် Google TV၊ သို့မဟုတ် iPad၊ Apple watch ၊ Mac laptop နှင့် Apple TV အတွက် Apple အကောင့်များကဲ့သို့ ၎င်းတို့နှင့် ဆက်စပ်နေသော အကောင့်များရှိသည်။ တစ်ကြိမ်တွင် စက်တစ်ခုထက်ပို၍ အကောင့်ဝင်နိုင်သည် (ဖုန်း၊ လက်ပ်တော့၊ နှင့်TV )။ အကယ်၍ သင့်အကောင့်ကို ဝင်ရောက်ခွင့်မရှိသင့်သည့် အခြားသူတစ်ဦးမှ ဝင်ရောက်သုံးစွဲခွင့်ရှိနေလျှင် ဤနေရာသည် သင်မြင်နိုင်ပြီး ၎င်းကို ရပ်တန့်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
သင့်စက်နှင့်ဆက်နွယ်နေသည့်မလိုအပ်သောအကောင့်များကိုဖျက်ပါ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်ကို အခြားသူတစ်ဦးမှ ဝင်ရောက်မကြည့်ရှုစေလိုပါက၊ ထပ်တိုး "တံခါး" ကို သင့်စက်ပေါ်တွင် ဖွင့်၍မထားခဲ့ခြင်းက ပိုကောင်းပါသည် (၎င်းကို "သင်၏တိုက်ခိုက်မှုမျက်နှာပြင်ကို လျှော့ချခြင်း" ဟုခေါ်သည်) ထို့အပြင် သင့်စက်ပစ္စည်းနှင့်ဆက်စပ်နေသည့်အကောင့်များကို စစ်ဆေးခြင်းသည် သင့်မသိဘဲ သင့်စက်ပေါ်တွင် တင်ထားသော အကောင့်များကို ဖော်ပြနိုင်သည်။
သင့်ဖုန်းအားပိတ်ပြီး လော့ချခြင်းကို လုပ်ဆောင်ပါ။
- သင့်အနေဖြင့် ၎င်းအားအသုံးမပြုတော့သည့် အချိန်တိုအတွင်း လော့ခ်ချရန် သင့်စခရင်ကို သတ်မှတ်ပါ (၅ မိနစ်ထားခြင်းသည်ကောင်းပါသည်)
- စကားဝှက်တို သို့မဟုတ် နံပါတ် မဟုတ်ဘဲ ရှည်လျားသော စကားဝှက်တစ်ခု (အနည်းဆုံး အက္ခရာ 10 လုံး) ကို အသုံးပြုပါ။
- သင့်လက်ဗွေ၊ မျက်နှာ၊ မျက်လုံး သို့မဟုတ် အသံကို
လော့ခ်ဖွင့်သည့်စနစ်ပြုလုပ်ထားခြင်းသည် သင့်အား အင်အားသုံး၍
ဖွင့်ခိုင်းနိုင်သည်။ သင့်တွင် စာရိုက်ရန်အဆင်မပြေလောက်သည့်
မသန်စွမ်းခြင်းမရှိပါက ဤရွေးချယ်စရာများကို မသုံးပါနှင့်။
- သင့်အနေဖြင့် သင့်လက်ဗွေနှင့် မျက်နှာကိုထည့်သွင်းထားပြီးဖြစ်ပါက ၎င်းတို့ကို သင့်စက်ပစ္စည်းမှ ဖယ်ရှားပါ။
- pattern ဖြင့်လော့ချခြင်းသည် ခန့်မှန်းနိုင်သည့်အတွက် ၎င်းရွေးချယ်မှုကိုအသုံးမပြုပါနှင့်။
- ရိုးရှင်းသည့် "swipe to unlock"ရွေးချယ်မှုသည် လုံခြုံသောလော့ချခြင်းမဟုတ်ပါ၊ ၎င်းရွေးချယ်မှုကိုအသုံးမပြုပါနှင့်။
- "set a passcode," "require passcode," အတွက် လမ်းညှှန်ချက်များကို လိုက်နာပါ ၊ထို့နောက် "Allow access when locked" အောက်တွင်ရှိသော မည်သည့်အရာကိုမဆို ပိတ်ထားပါ here](https://support.apple.com/HT204060)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများသည် သင့်အတွက် အကြီးမားဆုံး စိုးရိမ်စရာဟု ထင်ရသော်လည်း သင့်စက်ပစ္စည်းကို သိမ်းဆည်းခံရခြင်း သို့မဟုတ် ခိုးယူခံရပြီး တစ်စုံတစ်ဦးမှ ဖောက်ထွင်းခံရခြင်းက ဖြစ်နိုင်ခြေပိုများပါသည်။ ဤအကြောင်းအရာကြောင့်၊ စကားဝှက်စခရင်လော့ခ်ကို ပြုလုပ်ထားခြင်းသည် အဆင်ပြေပြီး ၎င်းကိုဖွင့်လိုက်ရုံဖြင့် သင့်စက်ကို မည်သူမျှ ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပေ။
စကားဝှက်များမှလွဲ၍ အခြား စခရင်လော့ခ်ချရွေးချယ်မှုများကို ကျွန်ုပ်တို့ မအကြံပြုပါ။ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေခံရပါက သင်၏မျက်နှာ၊ အသံ၊ မျက်လုံး သို့မဟုတ် လက်ဗွေဖြင့် သင့်စက်ပစ္စည်းကို အလွယ်တကူ လော့ခ်ဖွင့်ရန် ခိုင်းစေနိုင်သည်။ သင့်စက်ကို ၎င်းတို့ဘက်ရှိလူတစ်ဦးဦးက စကားဝှက်တိုများ သို့မဟုတ် ပင်နံပါတ်များကို ခန့်မှန်းရန် ဆော့ဖ်ဝဲကို အသုံးပြုနိုင်သည်။ မျက်နှာပြင်ပေါ်ရှိ လက်ဗွေရာများကို ကြည့်ခြင်းဖြင့် "pattern" သော့ခတ်မှုများကို ခန့်မှန်းနိုင်သည်။ အကယ်၍ သင်သည် လက်ဗွေသော့ခတ်ခြင်းကို ပြုလုပ်ထားပါက ဖုန်မှုန့်သုတ်ထားသူတစ်ဦးသည် သင့်လက်ဗွေရာအားရယူပြီး သင့်စက်ပစ္စည်းကို လော့ခ်ဖွင့်ရန် သင့်လက်ချောင်းအတုဗားရှင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဟက်ခ်ခြင်းများဖြစ်သည့် မျက်နှာဖြင့် လော့ခ်ဖွင့်ခြင်းကို သရုပ်ဖော်ပြထားသည်။
ဤအကြောင်းများကြောင့်၊ ချမှတ်ရန်အလုံခြုံဆုံးသောသော့သည် ရှည်လျားသော စကားဝှက်တစ်ခုဖြစ်သည်။
သင့်စက်လော့ခ်ချထားချိန်တွင် မြင်နိုင်သောအရာများကို ထိန်းချုပ်ပါ။
- အကြောင်းကြားချက်များတွင်၊ "အစမ်းကြည့်ရှုမှုများကိုပြသရန်" ကို "လော့ခ်ဖွင့်သောအခါ" သို့မဟုတ် "ဘယ်တော့မှ" ဟု သတ်မှတ်ထားကြောင်း သေချာပါစေ။(https://support.apple.com/guide/iphone/iph7c3d96bab/ios)
- ဆက်တင်ထဲမှ USB Accessories ကိုပိတ်ပါ Settings > Touch ID & Passcode > Allow Access When Locked > USB Accessories
- သင့်ဖုန်းကို လော့ခ်ချသည့်အခါ ဆက်တင်များ > Touch ID နှင့် လျှို့ဝှက်ကုဒ်> သော့ခတ်ထားသည့်အခါ အသုံးပြုခွင့်ကို ခွင့်ပြုပါ စသည့် မည်သည့်အရာများကို ခွင့်ပြုမည်ကို ပြန်သုံးသပ်ပါ ထို့အပြင် သင့်စက်လော့ခ်ချထားချိန်တွင် အခြားသူများမမြင်စေလိုသည့်အရာများကို ပိတ်ပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်အား ခိုးယူခံရပါက သို့မဟုတ် သိမ်းဆည်းခံရပါက ခိုင်မာသောစခရင်လော့ခ်က သင့်အား အကာအကွယ်အချို့ပေးလိမ့်မည်။ သို့သော် သင့်လော့ခ်မျက်နှာပြင်တွင် ပေါ်လာသည့် အသိပေးချက်များကို မပိတ်ပါက သင့်စက်ကိုရရှိထားသောမည်သူမဆို သင့်အဆက်အသွယ်များက စာပေးပို့သောအခါ သို့မဟုတ် အီးမေးလ်အသစ်ရရှိသောအခါတွင် ပေါက်ကြားနိုင်သည့်အချက်အလက်များကို သင့်စက်တွင်တွေ့မြင်နိုင်မည်ဖြစ်သည်။
အသံထိန်းချုပ်မှုကိုပိတ်ထားပါ
- အသံထိန်းချုပ်မှုကိုပိတ်ပါ နှင့်/သို့မဟုတ်Siri
- Allow Siri When Locked'ကိုပိတ်ပါ။
- Siri & Dictation History ဖြင့် Apple Server မှ dictation history ကိုဖျက်ပါ (https://support.apple.com/HT210657)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်ပစ္စည်းတစ်ခုအား စနစ်ထည့်သွင်းသောအခါတွင် ၎င်းအား ထိန်းချုပ်ရန်အတွက် သင်စကားပြောနိုင်သည်။ဥပမာ၊ Siri၊ Cortana၊ Google Voice၊ Echo၊ သို့မဟုတ် Alexa စနစ်များသည် ၎င်းကိုဖွင့်ထားချိန်တွင် အဆက်မပြတ်နားထောင်နေပါသည်။ ၎င်းသည် ဖြစ်ပျက်နေသည့်အရာများကိုပင် မှတ်တမ်းတင်နိုင်ပြီး [၎င်းကို Amazon ကဲ့သို့ကုမ္ပဏီများထံ ပြန်လည်ပေးပို့နိုင်သည်](https://www.theguardian.com/technology/2019/apr/11/amazon-staff-listen-to-customers-alexa-recordings- report-says)သို့မဟုတ် အရည်အသွေးထိန်းချုပ်မှုအတွက် မိုက်ခရိုဆော့ဖ်နှင့် [၎င်းတို့၏ကန်ထရိုက်တာများသည် အဆိုပါမှတ်တမ်းများကို သိမ်းဆည်းပြီး ပြန်လည်သုံးသပ်ခြင်းတို့လုပ်နိုင်သည်။(https://www.theguardian.com/technology/2019/jul/26/apple-contractors-regularly-hear-confidential-details -on-siri-recordings) သင့်စက်တွင် နားထောင်နေသည့်အရာများကို ဖမ်းယူပေးနိုင်သည့် ကုဒ်ကို အခြားသူတစ်ဦးဦးက ထည့်သွင်းထားခြင်းလည်း ဖြစ်နိုင်သည်။
သင့်တွင် စာရိုက်ရန် သို့မဟုတ် အခြားထိန်းချုပ်မှုများကို အသုံးပြုရန် ခက်ခဲစေသော မသန်စွမ်းမှုတစ်ခုရှိပါက၊ အသံဖြင့် ထိန်းချုပ်မှုများကို သင်ရှာဖွေဖို့လိုအပ်ပါသည်။ ၎င်းတို့ကို ပိုမိုလုံခြုံစွာတပ်ဆင်နည်းအတွက် ညွှန်ကြားချက်များကို အောက်တွင်ကြည့်ရှုပါ။ သို့သော်၊ သင်သည် ဤအကြောင်းကြောင့် အသံထိန်းချုပ်မှုများကို အသုံးမပြုပါက၊ ၎င်းတို့ကို ပိတ်ထားခြင်းက ပိုမိုလုံခြုံပါသည်။
Alexa သို့မဟုတ် Siri ကဲ့သို့သော စမတ်စပီကာကို အသုံးပြုခြင်း၏ ကြီးမားသောအန္တရာယ်များထက် သင့်အတွက် အကျိုးကျေးဇူးများပိုရနိုင်သည်ဟု သင်ဆုံးဖြတ်ပြီးပါက၊ ပိုမိုလုံခြုံစွာလုပ်ဆောင်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ။
သင့်ဖန်သားပြင်ကို အခြားသူများမမြင်နိုင်အောင် တားဆီးပေးသည့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာ စစ်ထုတ်မှုကို အသုံးပြုပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးတိုက်ခိုက်ခံရခြင်းများကို အဆင့်မြင့်နည်းပညာပိုင်းအနေဖြင့် ထင်မြင်နေသော်လည်း၊ လူ့အခွင့်အရေးကာကွယ်သူအချို့သည် ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် တစ်စုံတစ်ယောက်သည် ၎င်းတို့၏စခရင်ကို အပေါ်မှချောင်းကြည့်ပြီး သို့မဟုတ် လုံခြုံရေးကင်မရာကို အသုံးပြုကြည့်ရှုပြီး ၎င်းတို့၏အကောင့်များကို အခိုးခံရကြောင်း လေ့လာသိရှိရသည်မှာ အံ့အားသင့်စရာဖြစ်နိုင်ပါသည်။ကိုယ်ရေးကိုယ်တာကာကွယ်သည့်မှန်တစ်ခုက ထိုသို့လုပ်ဆောင်နေသူတို့ကို အောင်မြင်နိုင်ခြေနည်းစေသည်။ ၎င်းတို့ကို စက်နှင့်ဆက်စပ်သည့်ပစ္စည်းများရှိသည့်နေရာတိုင်းတွင် ရှာကြည့်နိုင်သည်။
ကင်မရာအဖုံးကိုအသုံးပြုပါ
- ပထမဆုံးအနေဖြင့် သင့်စက်တွင် ကင်မရာများ မည်သည့်နေရာမှာရှိ၊ မရှိကို ရှာဖွေပါ။ သင့်စမတ်ဖုန်းတွင် တစ်ခုထက်မက ရှိနိုင်ပါသည်။
- နည်းပညာနိမ့် ကင်မရာအဖုံး - သင့်ကင်မရာအပေါ်တွင် ကပ်ခွာပတ်တီးငယ်ကို အသုံးပြုကာ ပိတ်ထားပြီး ကင်မရာကို အသုံးပြုရန် လိုအပ်သည့်အခါ ၎င်းကို အခွံခွာပါ။ အလယ်အပိုင်းသည် ကော်မပါသောကြောင့် ကင်မရာမှန်မျက်နှာပြင်ကို စေးကပ်ခြင်းမရှိသည့်အတွက် ပတ်တီးသည် စတစ်ကာထက် ပိုကောင်းပါသည်။
- သို့မဟုတ် "webcam cover thin slide" အတွက် သင်နှစ်သက်ရာ စတိုးကို ရှာပါ။ အချို့အဖုံးများသည် ထူလွန်းသဖြင့် သင့်လက်ပ်တော့ မပိတ်နိုင်သောကြောင့် "ပါးလွှာ"သည့်အဖုံးကိုရှာဖွေရန် အရေးကြီးပါသည်။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်အား၊ သင့်ပတ်ဝန်းကျင်ရှိလူများ၊ သို့မဟုတ် သင်မသိဘဲရှိနေသောနေရာကို စူးစမ်းရန်အတွက် အချို့သော အန္တရာယ်ရှိသောဆော့ဖ်ဝဲများသည် သင့်စက်တွင် ကင်မရာကိုဖွင့်လိမ့်မည်။
သင်အသုံးမပြုပါက လိုင်းချိတ်ဆက်မှုကိုပိတ်ထားပါ။
- ညဘက်တွင်သင့်စက်များကို လုံးဝပိတ်ထားပါ။
- wifi,bluetooth နှင့် ကွန်ရက်မျှဝေခြင်းကို အသုံးမပြုပါက ပိတ်သည့်အလေ့အကျင့်ကိုပြုလုပ်ပါ။
- Airplane mode သည်
သင့်စက်ရှိဆက်သွယ်မှုကိုပိတ်ရန်လျင်မြန်သည့်နည်းလမ်းတစ်ခုဖြစ်နိုင်ပါသည်။
- သင်အလိုရှိသော ဝန်ဆောင်မှုများကိုသာ အသုံးပြုရန် Airplane mode လုပ်ထားစဉ်တွင် wifi နှင့် Bluetooth ကို သင်မည်ကဲ့သို့ ရွေးချယ်နိုင်သည်ကို လေ့လာပါ။
- personal hotspot အား သင်အသုံးမပြုသည့်အချိန်တွင်ပိတ်ထားပါ။
- Turn airplane mode on and Bluetooth and wifi off by going to Settings. DO NOT use Control Center to do this (the swipe up from the bottom of the screen); it only disconnects the currently connected devices, and does not turn off Bluetooth and Wifi.
- သင့်စက်ပစ္စည်းသည် Personal Hotspot ကိုအသုံးပြုပြီး အခြားသူတစ်ဦးအား အင်တာနက်ချိတ်ဆက်မှုအား မပေးထားကြောင်းသေချာအောင်ပြုလုပ်ပါ စက်ပစ္စည်းများချိတ်ဆက်မှုဖြုတ်ရန် ညွှန်ကြားချက်များကို လိုက်နာပါ။
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
Wifi သည် အများအားဖြင့် ပိုမိုကျယ်ပြန့်သောအင်တာနက်နှင့် ကြိုးတပ်ချိတ်ဆက်ထားသော router သို့ ချိတ်ဆက်ရန် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ကျွန်ုပ်တို့၏စက်ပစ္စည်းများကို အင်တာနက်ပေါ်ရှိ အခြားစက်ပစ္စည်းများသို့ရောက်ရှိစေသည့် ဒေတာချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဆဲလ်ဖုန်းချိတ်ဆက်မှုများသည် တာဝါတိုင်များနှင့် repeater များရှိ cellular ကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားကွန်ပျူတာများနှင့် ဖုန်းများကို အသုံးပြုနိုင်စေရန် ကူညီပေးပါသည်။NFC နှင့် Bluetooth တို့သည် ရေဒီယိုလှိုင်းများအသုံးပြု၍လည်း ကျွန်ုပ်တို့၏စက်ပစ္စည်းများအား ၎င်းတို့အနီးရှိ အခြားစက်ပစ္စည်းများသို့ ချိတ်ဆက်ပါသည်။ ဤချိတ်ဆက်မှုအားလုံးသည် အခြားသူများနှင့် ဆက်သွယ်ရာတွင် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့၏စက်ပစ္စည်းများသည် အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်နေသောကြောင့် တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏စက်ပစ္စည်းများနှင့် အရေးကြီးသောအချက်အလက်များကိုရရှိအောင် ဤချိတ်ဆက်မှုကို အန္တရာယ်ရှိစွာ အသုံးပြုနိုင်သည့် အခြေအနေရှိပါသည်။
ထို့ကြောင့်၊ အထူးသဖြင့် wifi နှင့် Bluetooth တို့ကိုအသုံးမပြုသည့်အခါ ဤချိတ်ဆက်မှုများကို ပိတ်ခြင်းသည် အကြံကောင်းဖြစ်ပါသည်။ ၎င်းသည် တိုက်ခိုက်သူက သင့်စက်ပစ္စည်းပေါ်တွင် ထူးဆန်းစွာဖြစ်ပျက်နေသည်ကို သင်သတိမထားမိစေဘဲ သင်၏အဖိုးတန်ပစ္စည်းများကို ဝင်ရောက်ရန်လုပ်ဆောင်နိုင်သည့်အချိန်ကို တားမြစ်သည် (စက်သည် နှေးကွေးစွာလည်ပတ်နေခြင်း သို့မဟုတ် သင်အလွန်အကျွံအသုံးမပြုဘဲ အပူလွန်ကဲခြင်းကဲ့သို့)။
သင်မှတ်မိသော wifi ကွန်ရက်များကို ရှင်းလင်းပါ။
- သင့်စက်၏ကွန်ရက်များစာရင်းတွင်မှတ်ထားမည့်အစား သင့်စကားဝှက်မန်နေဂျာတွင် ကွန်ရက်အမည်များနှင့် စကားဝှက်များကို သိမ်းဆည်းပါ။
- [သင့် wifi ကွန်ရက်များစာရင်းကို ဖျက်ပြီး "Auto-Join" ကိုပိတ်ပါ။(https://support.apple.com/HT208941)
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
သင့်စက်၏ wifi ချိတ်ဆက်မှုကို ဖွင့်သည့်အခါ၊ ၎င်းသည် ယခင်က သင်ချိတ်ဆက်ထားခဲ့သည့် မှတ်မိသည့် မည်သည့် wifi ကွန်ရက်ကိုမဆို ရှာဖွေရန် ကြိုးစားသည်။ အခြေခံအားဖြင့်၊ ၎င်းသည် ၎င်းတို့နှင့်ချိတ်ဆက်နိုင်ခြင်းရှိမရှိကိုကြည့်ရှုရန် ၎င်းစာရင်းရှိကွန်ရက်တိုင်း၏အမည်များကို "အော်" သည်။ အနီးနားတွင်လျှိုနေသူတစ်ဦးသည် သင့်စက်ပစ္စည်းကို ခွဲခြားသတ်မှတ်ရန် ဤ "ကြွေးကြော်သံ" ကို သုံးနိုင်သည်၊ အကြောင်းမှာ သင်၏စာရင်းသည် အများအားဖြင့် ထူးခြားသည်၊ သင့်တွင် သူငယ်ချင်းများ၏အိမ်များ၊ အကြိုက်ဆုံး ကော်ဖီဆိုင်များတွင် ကွန်ရက်များကို ဖော်ပြရန်မလိုဘဲ အနည်းဆုံးအနဖြေင့် သင့်အိမ်ကွန်ရက်နှင့် သင့်ရုံးကွန်ရက်သို့ ချိတ်ဆက်ထားခြင်းများရှိနနိုင်သည်။ ဤလက်ဗွေနှင့်တူသော အထောက်အထားများသည် သင့်စက်ကို ပစ်မှတ်ထားရန် သို့မဟုတ် သင်ရောက်ရှိနေသည့်နေရာကို ခွဲခြားသတ်မှတ်ရန်လုပ်နေသည့် သင့်ဧရိယာအတွင်း သူလျှိုလုပ်နေသူတစ်ဦးအတွက် လွယ်ကူစေသည်။
ဤသက်သေလိုက်နိုင်သည့်အရာမှ သင့်ကိုယ်သင် ကာကွယ်ရန်၊ သင့်စက်မှသိမ်းဆည်းထားသော wifi ကွန်ရက်များကို ဖျက်ပစ်ပြီး သင့်စက်အား ကွန်ရက်များကို မမှတ်မိစေရန် လုပ်ဆောင်ပါ။ ၎င်းသည် လျင်မြန်စွာ ချိတ်ဆက်ရန် ပိုမိုခက်ခဲစေလိမ့်မည်၊ သို့သော် ထိုအချက်အလက်များကို သင့်စကားဝှက်မန်နေဂျာတွင် သိမ်းဆည်းထားခြင်းသည် သင်လိုအပ်သည့်အခါတွင် ၎င်းကိုရယူနိုင်မည်ဖြစ်သည်။
သင်အသုံးမပြုပါက မျှဝေခြင်းကိုပိတ်ထားပါ
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
စက်ပစ္စည်းအများအပြားသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဖိုင်များ သို့မဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူမျှဝေရန် ရွေးချယ်ခွင့်ပေးခြင်းသည် အသုံးဝင်သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့ ၎င်းကို အသုံးမပြုသည့်အခါတွင် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါက၊ အန္တရာယ်ရှိသောသူများသည် သင့်စက်ပစ္စည်းရှိ ဖိုင်များကို ရယူရန် ၎င်းကို အသုံးချနိုင်သည်။
အဆင့်မြင့်- တစ်စုံတစ်ယောက်သည် သင့်ခွင့်ပြုချက်မရှိဘဲ သင့်စက်ပစ္စည်းကို ဝင်ရောက်အသုံးပြုခြင်းရှိမရှိ သုံးသပ်ပါ(အခြေခံမှုခင်းပညာ)
အောက်ပါ စစ်ဆေးစာရင်းများရှိ အဆင့်များကို လိုက်နာပါ
- Icloud အကောင့်ကို ပြန်လည်သုံးသပ်ပါ(https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/ios/icloud.md)
- မိုဘိုင်းစက် စီမံခန့်ခွဲရေးပရိုဖိုင်များကိုစစ်ဆေးပါ
- jailbreaks များကိုစစ်ဆေးပါ (https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/ios/jailbreaks.md)
- chat app များနှင့်ဆက်စပ်နေသောစက်များကိုစစ်ဆေးပါ (https://github.com/securitywithoutborders/guide-to-quick-forensics/blob/master/smartphones/linkeddevices.md)
- Monitor Network Traffic
ကျွန်ုပ်တို့ မည်သည်ကြောင့် ဤအရာကိုအကြံပြုသည်ကို လေ့လာပါ
တစ်စုံတစ်ယောက်သည် သင့်စက်ပစ္စည်းများ၊ ဖိုင်များ၊ သို့မဟုတ် ဆက်သွယ်ရေးများကို ဝင်ရောက်အသုံးပြုသည့်အခါ အမြဲတမ်းသိသာထင်ရှားနိုင်မည်မဟုတ်ပေ။ ဤထပ်တိုးစစ်ဆေးစာရင်းများသည် သင့်စက်ပစ္စည်းများကို ကမောက်ကမဖြစ်စေခြင်းရှိမရှိကို ပိုမိုထိုးထွင်းသိမြင်စေနိုင်ပါသည်။
ထပ်မံပါရှိသော အရင်းအမြစ်များ
- ကိုယ်ရေးကိုယ်တာလုံခြုံမှုအန္တရာယ်ကြုံလာသည့်အခါ Apple ၏စက်ပစ္စည်းနှင့်ဒေတာရယူမှု လမ်းညွှန်](https://manuals.info.apple.com/MANUALS/1000/MA1976/en_US/device-and-data-access-when-personal-safety-is-at-risk.pdf)